သရက်သီးအကြောင်းသိကောင်းစရာများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

 

ရက်စွဲ၊ ၁၉.၂.၂၀၂၅

မန္တလေးမြို့အတွင်းသို့ သရက်သီးကို ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ အုန်းချော၊မြစ်ငယ် စသည့် နေရာဒေသအသီးမှ ဝင်ရောက်ကြသည်။သရက်သီးသည် အရသာရှိရုံသာမက လူသားတို့ ကျန်းမာရေးကို များစွာအထောက်အကူ ပြုပေးသော ပရိုတင်း၊  အဆီ၊ ဗီတာမင်အေ၊  နှင့် ဖော့စဖောရပ် စသည့်အာဟာရဓာတ်များအပြင် အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းလည်း  ပါဝင်သည်။ ပျော်ဝင်လွယ်သော အမျှင်ဓာတ်၊ အရည်အသွေး ကောင်းမွန်လတ်ဆတ်သော သရက်သီး၏ အနံ့အရသာနှင့်မွှေးရနံ့တို့ကို မည်သည့်သစ်သီးမျှ လိုက်မမီနိုင်ပေ။ ထို့ကြောင့် “အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာဝက်” ဟု  ပြောစမှတ်ပြုကြသည်။ အိန္ဒိယနိုင်ငံတွင်လည်း သရက်သီးကို “အသီးမှာဘုရင်” ဟု သမုတ်ကြသည်။ ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ထောင်နှင့်ချီရှိပြီး မြန်မာပြည်တွင် စိမ်းစားသီး၊ မချစ်စု၊ မန္တလေးရင်ကွဲ၊စိန်တစ်လုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ အောင်ဒင်၊ ပန်းဆွဲ၊  စိုင်သီး၊ ပန်းသရက်၊ သုံးလုံး တစ်တောင် သရက်မျိုးများကို အမည်အမျိုးမျိုးဖြင့် နေရာဒေသအလိုက် ခေါ်ဝေါ်ကြောင်းသိရသည်။

နွေလယ်ကာလမှ မိုးနှောင်းကာလများအထိ ပေါပေါများများရရှိနိုင်သော သရက်သီးမှည့်များကို သရေစာသစ်သီးအဖြစ် စားသုံးလေ့ရှိကြသလို သရက်ပျဉ်၊ ဖျော်ရည်၊ သရက်ယို၊ ဆားအနည်းငယ် ဖြူး၍သော်လည်းကောင်း Pectin နှင့် ဗီတာမင်စီတို့ များစွာပါဝင် သောကြောင့် သွေးအတွင်း မကောင်းသည့် ကိုလက်စထရောအဆင့်ကို လျော့ကျစေသည်။သရက်သီး တစ်ခွက်စာ ပမာဏတွင် လူတစ်ဦးစီမှာ တစ်နေ့တာ လိုအပ်သော ဗီတာမင်အေ၏ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်သည်။ သရက်သီးသည် ဆီးထဲရှိ သကြားပမာဏကို မျှတစေသဖြင့် ဆီးချိုရောဂါသည်များ အသင့်အတင့် စားသုံး ပေးသင့် သည်။ သရက်သီးထဲတွင် သင်္ဘောသီးကဲ့သို့ ချေဖျက်လွယ်သော အမျှင်ဓာတ် အမြောက်အမြား ပါရှိသဖြင့် အစာကြေညက် စေပြီး ဝမ်းမှန်စေသည်။ ထို့ပြင် အစာအိမ်နှင့် အူများကို သန့်စင်စေရုံ သာမက အသည်းကိုပါ ကောင်းကျိုးပြုသည်။

အိမ်ခြံဝင်းအတွင်း (သို့မဟုတ်) စီးပွားဖြစ်စိုက်ခင်းအဖြစ် သရက်များစိုက်ပျိုးရာတွင် အသီး အရည်အသွေး  ကောင်းရန်နှင့်  အသီးထွက်နှုန်းကောင်းရန်  စနစ်တကျစိုက်ပျိုးပြုစုရန်   လိုအပ် ပါသည်။ ဒေသနှင့် ကိုက်ညီပြီး အရည်အသွေး ကောင်းသော မျိုးများကို ရွေးချယ်စိုက်ပျိုး ခြင်းဖြင့် အရည်အသွေးကောင်း အသီးများ ရရှိမည်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ် သက်သာစေပါသည်။ ယခုရာသီ သည် သရက်သီးအမှည့်များ မပေါ်သေးသော်လည်း သရက်သီးအကင်းများ စတင်ပေါ်ထွက်ပြီဖြစ်၍ အလုံးအရွယ်အစားပေါ်မူတည်၍ သရက်သီး အကင်းတစ်လုံးလျှင် ၃၀၀ကျပ်မှ ၅၀၀ကျပ်ထိ ရှိကြောင်းသိရ သည်။မြန်မာနိုင်ငံမှ ထွက်ရှိသော သရက်သီးများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)