ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နှမ်းပတ်ချဉ် ဈေးနှုန်း

Powered by Drupal

ရက်စွဲ၊ ၁၉..၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် အရန်ဟင်း ဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုး ဖြစ်သည့် နှမ်းပတ်ချဉ်၊ မုံညှင်းချဉ်၊ ပဲတီပင်ပေါက်ချဉ်၊ သံပုရာချဉ်၊ သရက်သီး ကုလားတည်ချဉ် နှင့် မုံလာဥချဉ်တို့ကို ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ နှမ်းပတ်ချဉ် သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရပါသည်။

နှမ်းပတ်ချဉ်သည် နှမ်းပတ်များကို ရေစင်အောင်ဆေးကြောမှသာ (၃)ညအိပ်ခန့် အချဉ်တည်ရပြီး သဲများစင်၍ စားကောင်းခြင်းဖြစ်ပါသည်။ နှမ်းပတ်ချဉ်သည် အခြားအချဉ်များလို ပွဲလမ်းသဘင်နှင့် အသုံးများသော အချဉ်အမျိုးအစား မဟုတ်ပဲ စားသုံးသူများ အနည်းငယ်သာဝယ်ယူသည့်အတွက် အရောင်းနည်းပြီး ကြာကြာအထားမခံသည့်အချဉ် ဖြစ်သည့်အတွက် နှမ်းပတ်ချဉ်ကို တစ်ရက်ခြား တစ်ခါ တည်ရပါသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော နှမ်းပတ်ချဉ် ဈေးနှုန်းအနေဖြင့် နှမ်းပတ်ချဉ် လဖက်ရည်သောက်ပန်ကန်တစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်မျိုးစုံ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)