
ရက်စွဲ၊ ၁၉.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့်မမြို့ပေါ်ဈေးကွက်သို့ လာရောက် ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။
စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည်သည် ဘာသာမရွေး လူသားတိုင်း ကြိုက်နှစ်သက်ပြီး စားအလွန် ကောင်းသည့်ပဲတစ်မျိုးဖြစ်သည်။ စွန်တာနီပဲ(ခေါ်)ပဲနီအစိမ်းကို တစ်ညအိပ်ရေစိမ်ပြီးမှ သဲကျင်းတူး၍ အညှောက်ဖောက်ရကြောင်း ၊ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည်ကို ခရမ်းသီ၊ ဆူးပုတ်ရွက်၊ ဒန့်ဒလွန်သီး ဇွန်းခြစ်တို့နှင့်ရောနှောချက်စားခြင်း၊ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည်ကို ကန်ဇွန်းရွက်နှင့် ကြော်စား ခြင်း၊ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည်ကို ရေနွေးဖျော၍မြေပဲထောင်း၊ နှမ်းထောင်း၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီစိမ်းတို့ဖြင့် သုပ်စားခြင်း တို့ပြုလုပ် စားသောက်ကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည် ဈေးနှုန်းမှာ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည်ကို တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်)ပဲနီပင်ပေါက်ရှည် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် စွန်တာနီပဲ(ခေါ်) ပဲနီပင်ပေါက်ရှည် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စွန်တာနီပဲ (ခေါ်)ပဲနီပဲပင်ပေါက်ရှည် ရောင်းချ သူထံမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)