ပခုက္ကူမြို့နယ်၏ ဝါဈေးနှုန်းဈေးကွက်နှင့်ရောင်းချမှုအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဝါကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့ နယ်အတွင်းရှိ ရွာများမှ ဝါကို အဓိကစိုက်ပျိုးကြပါသည်။ ဝါစတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်ပိဿာ(၁၀ မှ ၅၀ ထိ) ဝင်ရောက်လျက်ရှိ ကြောင်း ဝါကုန်သည် များထံမှ သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝါဝင်ရောက်မှုမှာ တစ်နေ့လျှင် ပိဿာချိန် (၅၀၀ မှ ၁၀၀၀ ထိ) ဝင်ရောက်လျက်ရှိပြီး ထွက်ရှိသော ဝါများကို မန္တလေးတိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ဝါဂွမ်းအစေ့ပါ တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၄၁၅၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တစ်ပတ်လျှင် ကုန်ချိန်ပိဿာ(၁၅၀၀-၂၀၀၀)ခန့် ဝင်ရောက်နေကြောင်း ဝါကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)