ပခုက္ကူကြက်သွန်နီ ဖေဖော်ဝါရီလ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ မိုးစိုက်(ဥစိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တစ်ရက်လျှင် ပိဿာချိန်(၁၅၀၀၀-၂၀၀၀၀) အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်သို့ ယခင် အပတ်ထက် ကုန်ဝင်ရောက်မှုနည်းလာကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ် (၂၇၅၀) ၊ အလတ် ကျပ် (၂၅၀၀)၊ အနိမ့်စ ကျပ်(၂၃၀၀)ဖြစ်ပြီး ဖေဖော်ဝါရီလ (ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ထိပ်စ ကျပ် (၂၄၀၀) အလတ်စ ကျပ် (၂၁၀၀)၊ အနိမ့်စ ကျပ် (၁၉၀၀) ဖြစ်၍ တစ်ပတ်အတွင် တစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့် ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ပတ် အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ကုန်ချိန်မှာ ပိဿာချိန် (၁၄၀၀၀၀)ကျော်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီမြို့များသို့ နေစဉ်တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၈၀၀) မှ အနိမ့်ဈေး ကျပ်(၂၅၀၀)ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)