ပခုက္ကူဒေသထွက် ဆီးသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆီးချိုသီး၊ ဆီးချဉ်သီးများ စတင်ပေါ်ထွက်လျက်ရှိပြီး ဆီးချိုနှင့် ဆီးချဉ်ပင်များကို ပခုက္ကူမြို့နယ်အတွင်းရှိ အရှေ့ချောက်ကန်အုပ်စု ယာမြေများတွင် အလေ့ကျပေါက်ရောက်လျက်ရှိပါသည်။ များသောအားဖြင့် အလေ့ကျပေါက်ရောက်သောအပင်များမှာ ဆီးချဉ် ပင်များဖြစ်ပြီး ယာမြေများ၌ စိုက်ခင်းများ ရိတ်သိမ်း ချိန်အပြီးတွင် ဆီးသီးများကောက်၍ နေလှန်းအခြောက်ခံကြပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိရွာများ သာမက မြိုင်မြို့နယ်အတွင်းရှိ ရွာများမှလည်း ဆီးချိုနှင့် ဆီးချဉ်ပင်များ ယာမြေများတွင် အလေ့ကျ ပေါက်လျက်ရှိပြီး ပခုက္ကူမြို့ပေါ်သို့ လာရောက် ရောင်းဝယ်လျက်ရှိကြောင်း၊ ဆီးသီးကုန်သည်များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့တွင် ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပြီး ဆီးချို နှင့် ဆီးချဉ်ပင်များမှ ထွက်ရှိသော ဆီးသီးများကို ဆီးယို၊ ဆီးငံစေ့၊ ဆီးသီးချဉ်စပ်ယိုများ၊ ဆီးသီးပေါင်း များ ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်တွင် ဆီးသီးဈေးနှုန်းများမှာလည်း ဆီးချဉ်သီးတစ်ပိဿာ လျှင် ကျပ်(၁၀၀၀)၊ ဆီးချိုသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀) မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေး တို့တွင် ရောင်းချလျက်ရှိပါသည်။ ဆီးသီးမှ ရရှိသော ဆီးဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀-၁၅၀)၊ ဆီးဆံ တစ်ပိဿာလျှင် ကျပ်(၆၀၀၀၀)ဖြင့် မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း ဆီးသီးကုန်သည်များထံမှ သိရှိရ ပါသည်။

DOCA(မကွေး)