ကန့်ဘလူမြို့ဘုရားကြီးဈေးဆိုင်တန်းတွင် ရောင်းချနေသော ပန်းသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

          ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ် (၁၀၀၀၀)ဖိုး (၃)လုံး၊ ပန်းသီး အလတ် (၁)လုံးလျှင်(၂၅၀၀)ကျပ်နှင့် ပန်းသီး အသေး (၁)လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချ နေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)