ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်း အခြေအနေ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။

ယခု ဖေဖော်ဝါရီလ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်း၊ ပျားသလက် (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၀၀၀)ကျပ် နှင့် ပျားသလက် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ပျားသလက်ရောင်းချနေသည့် ဈေးသည်တစ်ဦးထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)