ကန့်ဘလူမြို့ဘုရားကြီးဈေးတွင် ရောင်းချနေသော ဇီးချိုသီး ဈေးနှုန်း အခြေအနေ

Powered by Drupal

          ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ နှင်းသီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်းမှာ ဇီးချိုသီးအလုံးကြီးမှာ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ‌ဇီးချိုသီးအလုံးအသေးမှာ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ကန့်ဘလူမြို့ဇီးခြံမှ ထွက်ရှိသော ဒေသထွက် ဇီးချိုသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီး ဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)