ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိရာ ငှက်ပျောမျိုး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် အဖီးလှ/မလှပေါ်မူတည်၍(၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မ လွတ် (ဘရာဇီး)ငှက်ပျော အဖီးလှ/မလှပေါ်မူတည်၍(၂၅၀၀/၃၀၀၀)ကျပ်၊ ကသည်း ငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး လှ/မလှပေါ်မူတည်၍ တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ် ငှက်ပျော တစ်ဖီးလျှင် (၁၅၀၀/၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေးတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)