ကန့်ဘလူမြို့မဈေးသို့ စတင်ဝင်ရောက်လာသော ဆန်လှော်မရွှေး ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့်  ဒေသထွက် အစားအစာအဖြစ်  သဘာဝ ဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော ဆန်လှော်မရွေးမုန့် ဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ရာသီချိန် အစား အသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံးကြမှုမှာ များပြားပြီး အရောင်းအဝယ် ဖြစ် လျက်ရှိပြီး ရွာသစ်ကြီးကျေးရွာနှင့် ရေဦးမြို့တို့မှလာ‌ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခု ဖေဖော်ဝါရီလ တတိယအပတ်တွင် ဈေးကွက်အတွင်းသို့ စတင်‌ရောက်ရှိလာပြီး ဆန်လှော်မရွေးကို တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀)ကျပ် သားလျှင် (၈၀၀၀)ကျပ်၊ မန်းမ‌ရွေး(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် မန်းမ‌ရွေး(၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)