ကန့်ဘလူမြို့နယ်အတွင်း ဖြစ်‌ပေါ်နေသော စားတော်ပဲစိမ်း ဈေးနှုန်း အခြေအနေ

Powered by Drupal

          ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့် လယ်ယာမြေများထဲ တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက် ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၉၅၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီ တစ် ဘူးလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)