ကန့်ဘလူမြို့ မြို့မဈေးတွင် ‌ရောင်းချလျက်ရှိသော ကြက်သား ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ အသားငါး ဈေးနှုန်း များထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး ဈေးကွက်အတွင်း ရောင်းချသည့်  မွေးမြူရေးကြက်သား တစ်ပိဿာလျှင် လက္ကားဈေး (၂၀၀၀၀)ကျပ်၊ လက်လီဈေး (၂၂၀၀၀)ကျပ်၊ ဗမာကြက်သား တစ်ပိဿာလျှင် လက်ကား(၃၀၀၀၀) ကျပ်၊ လက်လီဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုးတို့၏ ဈေးနှုန်း အနေဖြင့်  တစ်ပိဿာလျှင် လက်လီဈေး (၁၆၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)