ရှမ်းပြည်နယ်(တောင်ပိုင်း) ငွေနှင်းမှိုဈေးကွက်

Powered by Drupal

          ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်တွင်  ဈေးကွက်ဝင်သီးနှံဖြစ်တဲ့ ငွေနှင်းမှိုစိုက်ပျိုး ထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေများကို  ကွင်းဆင်းလေ့လာခဲ့ပါတယ်။ ဟိုပုံးမြို့နယ်ရှိ ငွေနှင်းမှို အထုပ်ရေ (၅၀၀)ခန့်စိုက်ပျိုးထုတ်လုပ်သူနှင့်တွေ့ဆုံ၍  စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ မေးမြန်း ဆွေးနွေးခဲ့ပါတယ်၊ ငွေနှင်းမှိုစိုက်ပျိုးနည်းမှာ မှိုထုပ်များကို အစီအရီထား၍စိုက်ပျိုးပြီး အချို့မှာ စင်များဖြင့် စိုက်ပျိုးကြတယ်လို့လဲသိရပါတယ်၊ မှိုမျိုးထုပ်မှာ တစ်ထုပ်လျှင်(၅၀ဝိ/- ၆၀ဝိ/-)ခန့် ဈေးရှိ ပါတယ်၊ မှိုမျိုးထုပ်များကို နေ့စဉ်ရေဖျန်းပေးရပါတယ်၊ တစ်ရက်လျှင် ရေ(၄)ကြိမ်ခန့် (ရာသီဥတု အေးလျှင်) ရေဖျန်းပေးရပြီး ရာသီဥတုပူလျှင် တစ်ရက်ကို(၇)ကြိမ်ခန့် ရေဖျန်းပေးရပါတယ်၊ စိုက်ပျိုးပြီး (၁၅)ရက်ခန့်တွင် စင်ခူးဆွတ်နိုင်ပြီး (၂၃/၂၄)ရက်နေ့ထိ ခူးဆွတ်နိုင်ပါတယ်၊ (၁၅)ရက်နှင့် ရက်(၂၀) ကြားတွင် ခူးပါက မျိုးထုပ်(၅၀၀)ကို မှိုပိဿာ(၂၂)ပိဿာခန့်ထွက်တယ်လို့သိရပါတယ်၊ ခူးဆွတ်ပြီး မှိုထုပ်များကိုလည်း ရေမဝင်အောင် ဂရုစိုက်ရပါတယ်၊ ရေဝင်၍မရပါ၊ မျိုးထုပ်(၅၀၀)စိုက်လျှင် မျိုးထုပ် တစ်ထုပ်နှင့် တစ်ထုပ်မှာမတူ၍ အထုပ်(၅၀၀)လုံးမှိုမထွက် ဟုလည်းသိရှိရပါတယ်၊ ရာသီဥတုပူလျှင်လည်း မှိုလေးများခြောက်သွားသဖြင့် အေးအောင်ထားပေးရပါတယ်၊ မှိုစိုက်ပျိုးရန်လိုအပ်သည့် အပူချိန် မှာ (25 HC) ရှိရန်လိုအပ်သည်ဟုသိရှိရပါတယ်၊ မှိုကို သတ်သတ်လွတ်စားသုံးသူများ အများဆုံးစားသုံး ကြပါတယ်၊ မှိုကို မှန်မှန်စားသုံးခြင်းဖြင့် ကင်ဆာရောဂါ အခွင့်အလမ်းမဖြစ်ပေါ်နိုင်ကြောင်းနှင့် ငွေနှင်းမှို အခြောက်တွင် အသားဓါတ်(၄၇.၉၃%) ပါဝင်ကြောင်းလည်း လေ့လာသိရှိရပါတယ်၊ Organic သီးနှံဖြစ်သောကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသေးသော်လည်း ပြည်တွင်းစားသုံးမှုမြှင့်တက်လာတဲ့ဈေးကွက် ဝင်သီးနှံတစ်မျိုးဖြစ်ပါတယ်၊ ငွေနှင်းမှိုတစ်ပိဿာဈေးနှုန်းမှာ လက်ကားဈေးတစ်ပိဿာလျှင် (၃၅၀ဝိ/-) ရှိပြီး လက်လီတစ်ပိဿာလျှင် (၅၀၀ဝိ/- ၅၅၀ဝိ/-)ခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)