
ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရေးကို အခြေခံ၍ လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် တိုင်ထောင်သခွားသီးကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယအပတ်တွင် ဒေသထွက် ဘူးတိုင်ထောင်သခွားသီး ဈေးနှုန်းအနေဖြင့် တိုင်ထောင်သခွားသီး အလုံး(အကြီး)တစ်လုံးလျှင်(၇၀၀)ကျပ်နှင့် တိုင်ထောင်သခွားသီး အလုံး(အသေး) တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်း အဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)