ကလေးမြို့နယ်၏ မျောက်ငိုသီး ဈေးနှုန်း/ ဈေးကွက်

Powered by Drupal

ရက်စွဲ ၊ ၁၉.၂.၂၀၂၅

          ကလေးမြို့နယ်၌ မျောက်ငိုသီးများကို အအေးပိုင်းဒေသဖြစ်သည့် တောင်ပေါ် ချင်းတောင် ဒေသမှ ဒီဇင်ဘာလပိုင်းတွင် စတင်ပေါ်ထွက်လာပြီး တမူးနယ်စပ်နန်းဖာလုံဈေးသို့ တင်ပို့ ရောင်းချ ကြကြောင်း သိရသည်။

မျောက်ငိုသီး စိုက်ပျိုးသူများအနေဖြင့် ယခင်ကာလများက မျောက်ငိုပင်တစ်ပင်ကို အပင်ပြတ် အသီးများ၍ချောလျှင်  လေးသိန်း၊ ငါးသိန်းကျပ်ဖြင့် အပင်ပြတ်ဝယ်၍ တစ်တောင့်လျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ယခုအခါတွင် အပင်ပြတ်ဝယ်ယူသူများမရှိတော့ဘဲ မျောက်ငိုသီးကို မြို့ပေါ်ဈေးကွက်တွင် တစ်ထောင်ဖိုး အတောင့် ၂၀ ခန့်ဖြင့်ရောင်းချရပြီး တစ်ဆင့်ခံ ရောင်းချသူများအနေဖြင့် တစ်ထောင်ဖိုး ၁၅တောင့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခုကာလတွင် မျောက်ငိုသီး ဈေးကွက်အနေဖြင့်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တမူးနယ်စပ်တွင်သာရှိပြီး ကသဲလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးကြသည်။ ယခင်နှစ်ကာလတူ မျောက်ငိုသီးဈေးနှုန်းများအနေဖြင့် တစ်နှစ်လျှင် ၃၀ သိန်း မှ ၅၀ သိန်း ဝန်းကျင်အမြတ်များရရှိ ခဲ့သော်လည်း ယခုအခါတွင်  မျောက်ငိုသီးများ ရောင်းအားကျဆင်းနေသောကြောင်း တစ်နှစ်လျှင် ၁၀ သိန်း မှ ၁၅သိန်း ဝန်းကျင်အထိသာဈေးနှုန်းရှိကြောင်း မျောက်ငိုပင်များ စိုက်ပျိုးထားသည့် ဦးခိုင်ပီးထံမှ သိရသည်။

DOCA(စစ်ကိုင်း)