
ရက်စွဲ၊ ၁၉.၂.၂၀၂၅
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးကွက်အတွင်း၌ ရွှေဖရုံသီးများရောင်းချလျက်ရှိရာ ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူရောင်းချရပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများ နှင့် ရေဦးမြို့တို့မှ ဝယ်ယူ ရောင်းချ လျက်ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့၏ ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး (အကြီး) တစ်လုံးလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး(အလတ်)တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး (အသေး) တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းနှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီး နှံမျိုးစုံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)