
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူး နှင့် ကြက်သွန်ဖြူ တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။
ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်း အနေဖြင့် ငရုပ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀) (၅၀)ကျပ်သားလျှင်(၈၅၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀) နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၂၀၀၀)ဈေးနှုန်း အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ငရုပ်၊ ကြက်သွန်ဖြူ /နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါ သည်။
DOCA(စစ်ကိုင်း)