
ပန်းတနော်မြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နှင့် ထုတ်ကုန်လုပ်ငန်းအမျိုးမျိုး ဖြင့် စီးပွားဖြစ်လုပ်ကိုင်လျှက် ဒေသဖွဲ့ဖြိုးသော မြို့နယ်တစ်ခုဖြစ်ပါသည်။ စီးပွားဖြစ်လုပ်ကိုင်သော လုပ်ငန်းများအနက် စိုက်ပျိုးသူများ နှင်းဆီ မျိုးပင် (၂၀၀)ကိုရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်နေကြောင်း သိရသည်။
နှင်းဆီပျိုးပင် လုပ်ငန်းကို လုပ်ကိုင်ရာတွင် မျိုးအပင်များကို တပင် ၇၀၀ကျပ်ဖြင့် သယ်ဘူစရိတ်အပါအဝင် ၁၀၀၀ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ၎င်းအပင်များကို ပြန်လည်ပြုစုရန် ၁လခွဲကြာပြီး မြေဆွေး၊ ဖွဲပြာ၊ လွှစာ၊ ပန်းအိုး များဖြင့် ပြန်လည်ပြုစုပျိုးထောင်ပြီး အတက်များထွက်လာ၍ အဖုး အပွင်များ ထွက်လာသည်အထိ ထားရပြီး ရောင်းတန်းဝင် ပျိုးပင် ဖြစ်လာကြောင်း သိရသည်။ အပွင် ၇ ပွင့်ပါ ပျိုးတစ်ပင်ကို ငွေကျပ် ၅၀၀၀ကျပ်၊ အပွင့်များ ကိုင်များကို ၆လပြုစု၍ တစ်ပင်ကို ငွေကျပ် ၁၅၀၀၀ကျပ်-၂၀၀၀၀ကျပ်ကြား ရောင်းချရကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် မြို့တွင်းကိုသာကား၊ ဆိုင်ကယ်၊ များဖြင့် လှည့်လည်ရောင်းချနေ ပြီး စီးပွားဖြစ်လုပ်ကိုင်လျက်ရှိကြောင်း ပျိုးပင်ရောင်းချသူထံမှ သတိရပါသည်။
DOCA(ဧရာဝတီ)