
ရက်စွဲ၊ ၂၀.၂.၂၀၂၅
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဘူးသီးများ စိုက်ပျိုးကာ လာရောက်ပို့ဆောင်ရောင်းချသော ဒေသထွက် ဘူးသီးများ ဈေးကောင်းရရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
ဘူးသီးကို ဟင်းခါးချက်သောက်ခြင်း၊ ဘူးသီးနှင့်ငါးကြော်ချက်ခြင်း၊ ဘူးသီးနှင့် ဆူးပုတ်ရွက်ချက် ခြင်း၊ ဘူးသီးနှင့်ကြက်သားချက်ခြင်း၊ ဘူးသီးကြော်စားခြင်း၊ သာရေးနာရေးများတွင် ဘူးသီးနှင့် မယ်ဇလီ ရွက် ဟင်းချိုချက်ခြင်း၊ ဘူးသီးချဉ်ရည်ချက်ခြင်း၊ ဘူးသီးအချဉ်တည်ခြင်းနှင့် ဘူးသီးအခြောက်လှမ်းထားပြီး နွေရာသီ အသီးအရွက် ရှားပါးချိန်တွင် စားသုံးကြခြင်းဖြစ်ပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်နေသော ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး(အကြီး/အသေး) ပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ်၊ ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ် လုပ်နေသူများထံမှ သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)