
ရက်စွဲ၊ ၂၀.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ ပဲကြီးသည်လည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးပြီး လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။
ပဲကြီးအစိုညှစ်သည် လူအများကြိုနှစ်သက်သော ပဲတစ်မျိုးဖြစ်ပြီ ပဲကြီးအစိုညှစ်သည် ဆောင်း ရာသီ တစ်ရာသီသာ စားရသောပဲဖြစ်ပါသည်။ ပဲကြီးအစိုညှစ်သည် ဇန်နဝါရီလ လဝက်လောက်တွင် စပေါ်ပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိလာပါသည်။ ပဲကြီးအစိုညှစ်ကို စားသုံးမှုများမှာ အစိမ်းကြော် စားခြင်း၊ ပဲနှပ်ချက် ချက်စားခြင်း၊ ပဲဟင်းချိုချက်စားခြင်း၊ ပဲကြီးအစိုကို အကြော်ဆံအဖြစ်ကြော်ပြီး လဖက်ဖြင့်တွဲဖက်ကာ ရေနွေးကြမ်းနှင့်စားသုံးခြင်းများ ဖြစ်ပါ သည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲကြီးအစိုညှစ် ဈေးနှုန်းများမှာ ပဲကြီးအစိုညှစ် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ပဲကြီးအစိုညှစ် နို့ဆီ တစ်ဘူးလျှင်(၁၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)