
ရက်စွဲ၊ ၂၀.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ဘိုစားပဲကိုလည်း စိုက်ပျိုးလျက်ရှိပြီး ရာသီစာ ဘိုစားပဲစိုကို ကန့်ဘလူမြို့မဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။
ဘိုစားပဲစိုသည် ဘာသာမရွေး လူသားတိုင်း ကြိုက်နှစ်သက်ပြီး စားအလွန်ကောင်းကာ နုညံ့သည့် အဆင့််မြင့်် ပဲတစ်မျိုးဖြစ်သည်။ ဘိုစားပဲစိုသည် ဆောင်းရာသီ တစ်ရာသီသာ စားရသော ပဲဖြစ်ပါသည်။ စားတော်ပဲစိမ်းသည် ယခု ဇန်နဝါရီလ နောက်ဆုံးအပတ်တွင်သာ စပေါ်ပြီး ဈေးကွက် အတွင်းသို့ ရောက် ရှိလာပါသည်။ ဘိုစားပဲစိုကို စားသုံးမှုများမှာ အစိမ်းကြော်စားခြင်း၊ ဘိုစားပဲစိုချက်စားခြင်း၊ ဘိုစားပဲစိုကို အခွံနွာ၍ ကြက်ဥဖြင့်နှပ်ချက်ချက်စားခြင်း၊ ဘိုစားပဲစိုကို အခွံနွာ၍ ပဲဟင်းချိုအဖြစ်ချက်စားခြင်းနှင့် ဘိုစားပဲစိုကို အခွံနွာ၍ အကြော်ဆံအဖြစ်ကြော်ကာ လဖက်နှင့် တွဲဖက်ပြီး ရေနွေးကြမ်းဖြင့် စားသုံးခြင်း များ ဖြစ်ပါ သည်။
ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ် နေသော ကန့်ဘလူမြို့၏ ဘိုစားပဲစို ဈေးနှုန်းများမှာ ဘိုစားပဲစို တစ်ပြည်လျှင်(၉၅၀၀)ကျပ်၊ ဘိုစားပဲစို နို့ဆီ တစ်ဘူးလျှင် (၁၂၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေး တွင် ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)