
ပြည်ခရိုင်၊ ပြည်မြို့နယ် ဟင်းသီးဟင်းရွက်ဈေးကွက်တွင် သခွားသီးများ လှိုင်လှိုင် ပေါ်နေပြီ ဖြစ်ပါသည်။ ပြည်မြို့နယ်အတွင်းရှိဈေးကွက်အတွင်းသို့ မှော်ဇာကျေးရွာ၊ တောင်လုံးညို ကျေးရွာများမှ သခွားသီးများလာရောက်ရောင်းချကြပါသည်။ ပြည်ခရိုင်အတွင်းရှိ ပုတီးကုန်းမြို့၊ ဝက်ပုတ်မြို့၊ အင်းမမြို့၊ ရွှေတောင်မြို့နယ်များမှလည်း ဟင်းသီးဟင်းရွက်ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြပြီး ထိုမှတဆင့် ရန်ကုန် သီရိမင်္ဂလာကုန်စိမ်းဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ဈေးကွက်အတွင်းရောင်းချလျက် ရှိသော သခွားသီးဈေးနှုန်းများမှာ သုပ်၍စားရသော သခွားသီးအကြီးတစ်လုံးလျှင် ၁၀၀၀-၈၀၀ကျပ် တို့စားသောသခွားသီး အသေးတစ်လုံးလျှင် ၂၀၀-၁၅၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)