ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း မြှင့်တက်လျှက်ရှိ

Powered by Drupal

              လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မှုံပြာ၊ လင်ဖုံလေး၊ ကုန်းသာ၊ နန်းမယ်ခုံ ကျေးရွာများမှ အများဆုံး စိုက်ပျိုးထွက်ရှိပြီး ဇွန်လ ပထမပတ်တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်  ဖြစ်လျှက်ရှိရာ ယခင် မေလ ပထမပတ်တွင် တစ်ပိဿာလျှင် (၅၆၀) ကျပ်ဈေးသာ ရှိပြီး ယခင် မေလ ပထမပတ် နှင့် ယခု ဇွန်လ ပထမပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၄၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း ၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ခရမ်းချဉ်သီး စိုက်ပျိုးရာ ဒေသများသည် ဒေသအခြေအနေအရ အနည်းငယ်သာ စိုက်ပျိုးနိုင်ပြီး ဈေးကွက် လိုအပ်ချက်ကို ထုတ်လုပ်နိုင်ခြင်း မရှိ၍ အခြားဒေသဖြစ်သည့်  ရှမ်းပြည်နယ် အင်းလေးဘက်မှ   တင်သွင်းနေရသဖြင့်  သယ်ယူစရိတ်များခြင်းကြောင့်  ဈေးနှုန်း မြှင့်တက်ရခြင်းဖြစ်သည်ဟု သိရပါသည်။

DOCA(ကယား)