
ယခုအပတ် ပြည်မြို့ရှိ မန်ကျည်းမှည့်ပွဲရုံများသို့ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ပေါက်ခေါင်း၊ ပေါင်းတလည်၊ ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်မြို့အနီး ကျေးရွာများမှ မန်ကျည်းမှည့်များ ဝင်ရောက်မှု့ရှိနေတာတွေ့ရပါသည်။ ပေါ်စတွင် မန်ကျည်းမှည့် အစေ့ပါ တစ်ပိဿာလျှင် ပွဲရုံကောက်ဈေးမှာ ၃၅၀၀ကျပ်ဖြစ်ပြီး ပြည်ဈေးကြီး အတွင်းရှိဈေးကွက်များတွင် လက်ကားတစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြစ်ပြီး လက်လီတစ်ပိဿာလျှင် ၈၀၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချကြောင်းသိရပါသည်။ အစေ့မပါ (အသား)ဈေးမှာ ပွဲရုံ(လက်ကား)ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် ၁၃၀၀၀ကျပ် တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ မန်ကျည်းမှည့်ဝင်ရောက်မှုမှာ နေ့စဉ်ပိဿာချိန် ၂၀၀ကျော်ဝင်ရောက်မှုရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)