ပြည်ဈေးကွက်အတွင်းရှိခရမ်းသီးမီးအုံးသီး

Powered by Drupal

            ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလလယ်တွင် ပြည်မြို့ပေါ်ရှိဈေးကွက်များအတွင်းသို့ ပုတီး ကုန်း၊ သဲကုန်း၊ ပေါင်းတလည်နှင့် တောင်ခွေးရဲအုပ်စုတို့မှ ဆောင်းရာသီစိုက် ခရမ်းသီး မီးအုံးသီးများ ရောင်းချလျှက်ရှိပြီး ဈေးကောင်းရလျှက်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ခရမ်းသီးမီးအုံးသီး အကြီးတစ်လုံးလျှင် ၈၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၆၀၀ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်နှစ်က ခရမ်းသီးမီးအုံးသီးလှိုင်လှိုင်ပေါ်ချိန် မတ်လဆန်းလောက်တွင် သောင်းပြောင်းတစ်လုံး လျှင် ၃၀၀မှ၄၀၀ကျပ် အထိ ဈေးနှုန်းများဖြင့်ရောင်းချကြောင်း သိရပါသည်။ ယခုနှစ်တွင်လည်း ယခင်နှစ်ကထက် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ ရောင်းချနိုင်မည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)