
ကြက်ဟင်းခါးသီးကို ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးသီးအပင်များကို မိုးဦးကျကာလဖြစ်သော မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြသလို ဆောင်းရာသီဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ် စိုက်ပျိုးသော ကြက်ဟင်းခါးသီးများထွက်ရှိလျှင် တစ်ဧကကို အလုံး(၃)သောင်းခန့်ရရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ပြည်မြို့အနီးတဝိုက်ကျေးရွာများမှထွက်ရှိသော ကြက်ဟင်းခါးသီး များကို ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။ ဈေးကွက်အတွင်း လာရောက်ရောင်းချသော ကြက်ဟင်းခါးသီးဈေးနှုန်းများမှ ကြက်ဟင်းခါးသီး (အရှည်) တစ်လုံးလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)