
မြင်းခြံမြို့ရှိ အေးမြသီတာဈေးသည် ကုန်စိမ်းသီးနှံများကို အဓိကရောင်းချသဖြင့် ကုန်စိမ်း ဈေးဟုပင် ခေါ်ဝေါ်သုံးစွဲလျက်ရှိကြပြီး ဖေဖော်ဝါရီ တတိယပတ်မှစ၍ ဈေးကွက်တွင် ချင်းတက် အခက်အသစ်များ ဝင်ရောက်လာကြောင်း သိရှိရသည်။ ချင်းတက်တွင် ရှမ်းချင်း(အသစ်)နှင့် ချင်းဖြူ (အဟောင်း)ဟူ၍ ရှိပြီး ချင်းဖြူသည် အနံ့မွှေး၊ အမျှင်နည်းသဖြင့် ရှမ်းချင်းထက်ပို၍နူးညံ့ကာ ဈေးနှုန်းလည်းပိုမြင့်ကြောင်း သိရှိရသည်။
ဈေးအတွင်းရှိ ပွဲရုံများတွင် ရောင်းချနေသော ချင်းတက်(အဟောင်း)(ခေါ်) ချင်းဖြူ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိရှိပြီး ချင်းတက်အသစ်(ခေါ်)ရှမ်းချင်း အစို တစ်ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ဖြင့် လက်ကားရောင်းဝယ်လျက်ရှိကြောင်း၊ လက်လီ ဈေးကွက်တွင် ချင်းဖြူ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ ရှမ်းချင်း (၂၅)ကျပ်သားလျှင် (၁၂၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်းနှင့် ရှမ်းချင်းကို ခြစ်ထားသော ချင်းခြစ်(အမျှင်)တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်အတွင်းရောင်းချ လျက်ရှိသော ချင်းတက်များမှာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှ ဝင်ရောက်ကြောင်း ချင်းတက်ရောင်းချသူ ကုန်သည်တစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
DOCA(မန္တလေး)