ကျိုင်းတုံ နွေစပါးဈေးကွက်

Powered by Drupal

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားပြည်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း အဓိကအားဖြင့် မိုးစပါး၊ နွေစပါးများကို အလေးထား စိုက်ပျိုးကြကြောင်း သိရှိပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း နွေစပါးအဖြစ် ရွှေရင်အေးစပါးမျိုးကို စိုက်ပျိုးကာ ယခုနှစ်အတွင်း စိုက်ပျိုးမှုမှာ ဧကခြောက်ထောင်ကျော် ရှိပါသည်။ နွေစပါးကို ၂၀၂၂ခုနှစ်၊ မေလ ဒုတိယပါတ်တွင် စတင်ရိတ်သိမ်းပြီး အဆိုပါ ရွှေရင်အေးစပါး ၄၀ကီလို တစ်အိတ်လျှင် ကျပ်တစ်သောင်းငါးထောင်ခန့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခင် ၂၀၂၁ခုနှစ် နွေစပါးပေါ်ချိန်တွင် ပေါက်ဈေးမှာ ၄၀ကီလို တစ်အိတ်လျှင် ကျပ် တစ်သောင်းသုံးထောင်ခန့် ရရှိခဲ့ပြီး ယခု ၂၀၂၂ခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေး ၄၀ကီလို တစ်အိတ်လျှင် ကျပ်နှစ်ထောင်ခန့် မြင့်သော်လည်း ယခုကဲ့သို့ နွေစပါးဈေးမြင့်တက်လာခြင်းမှာ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားခများ မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခနှုန်း မြင့်တက်လာခြင်းကြောင့် တောင်သူလယ်သမားများအနေဖြင့် အကျိုးအမြတ် နည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)