ပြည်သံပရာသီး ဈေးကောင်းရလျက်ရှိ

Powered by Drupal

             ယခုဖေဖော်ဝါရီ လလယ်ခန့်တွင် ပြည်ဈေးကွက်၌ ရေသွင်းစိုက်ပျိုးလျက်ရှိသော သံပရာသီး များဈေးကောင်းရလျက်ရှိနေပြီး အရောင်းအဝယ်မှာ အဝင်ရှိသလောက် ရောင်းဝယ်မှု ဖြစ်လျက် ရှိနေသည်။ ပြည်မြို့ပေါ်ဈေးကွက်များသို့ မှော်ဇာ၊ ဇီးအုပ်၊ နတ်တလင်းနှင့် ရွှေတောင်မြို့နယ်ရှိ ရွာဘက်များမှ အဝင်ရှိနေပြီး တစ်ရက်ခြားလျှင် အလုံး ၁၀၀၀၊ ၁၂၀၀ခန့် ဝင်ကာ မိုးတွင်း စိုက်သံပရာသီးများကဲ့သို့ အလုံးမချောပေမယ့် အရည်ရလျက်ရှိပြီး ပစ္စည်းလက်ကျန်မရှိ အရောင်း အဝယ်ဖြစ်နေသည်။ ယခုမြို့ပေါ်ဈေးကွက်များအတွင်း သံပရာသီးတစ်လုံးလျှင် ၁၅၀-၂၀၀ခန့်ရှိပြီး ယခင်ပေါများချိန်တွင် ကျပ် ၅၀သာရှိ၍ ယခုကာလတွင် သံပရာသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)