
အုန်းစိမ်းရည်အေးအေးလေးသည် အမောပြေစေရုံမကဘဲ ကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာရရှိနိုင်ပါသည်။ အုန်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် အများအပြားပေါက်လေ့ရှိပြီး တောင်ကြီးမြို့အတွင်းသို့ ဧရာဝတီတိုင်းမှ အုန်းသီးများ ဝင်ရောက်လျက် ရှိကာ ဈေးဆိုင်ငယ်လေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် အုန်းစိမ်းရည် တစ်လုံးလျှင် (၃၅၀ဝိ/-)ကျပ်မှ (၄၀၀ဝိ/-)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း အုန်းစိမ်းရည်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
အုန်းစိမ်းရည်သည် အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော သဘာဝအချိုရည်တစ်မျိုး ဖြစ်ပါသည်။ အုန်းစိမ်းရည်တွင် အုန်းသီးခြောက်အရည်ထက် အာဟာရဓာတ်ပိုမိုပါဝင်ပြီး ကိုယ်ခံအား စနစ်ကို တိုးမြှင့်ပေးနိုင်ပါသည်။ အုန်းစိမ်းရည်သောက်သုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အရက်နာကျတာကို သက်သာစေခြင်း၊ အစာချေဖျက်မှုကို အထောက်အပံ့ပေးပြီး အဆီချေဖျက်မှုအား တိုးမြှင့်ပေးနိုင်သည့် bioactive အင်ဇိုင်းအများအပြားပါဝင်ပြီး ကိုယ်တွင်းမလိုအပ်သော အရည်နှင့်အဆိပ်အတောက်များကို စွန့်ထုတ်အောင် အထောက်အပံ့ပေးခြင်း၊ ခေါင်းကိုက်သက်သာစေခြင်း၊ လေပွသက်သာစေခြင်း၊ မျက်လုံးကျန်းမာစေခြင်း၊ PH ပမာဏကို ထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးခြင်းနှင့် အရွယ်တင်စေခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်ကြောင်း သိရှိရပါသည်။
ထို့ကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေသော အုန်းစိမ်းရည်ကို သောက်သုံးသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
DOCA(ရှမ်း)