
ဘားအံမြို့၊ ဖေဖော်ဝါရီ ၁၉
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိနေကြောင်း သိရသည်။
လိမ္မော်သီးသည် အနံအရသာနဲ့ပြည့်စုံရုံသာမက ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုသည့်အတွက် စားသုံးသင့်သောသီးနှံတစ်မျိုးဖြစ်သည်။ အဆိုပါ လိမ္မာ်သီးများ သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဆန်းပိုင်းမှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ အောင်ပန်း ဒေသများမှ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ စတင်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ဈေးနှုန်းများမှာ ယခင်လ လိမ္မာ်သီးဈေးနှုန်း တစ်ကီလိုလျှင် (၅၀၀၀၊ ၆၀၀၀)ကျပ်နှင့် ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် လိမ္မာ်သီးတစ်ကီလိုလျှင် (၃၅၀၀၊ ၅၀၀၀)ကျပ် နှုန်းတို့ဖြစ် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လိမ္မာ်သီးအရောင်းဆိုင်များမှ သိရသည်။
DOCA(ကရင်)