
မန္တလေးမြို့ပေါ်ရှိဈေးများသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ပြင်ဦးလွင် မြို့နယ်နှင့် မန္တလေးမြို့ အနီးတဝိုက်မြို့နယ်များမှ ပန်းဂေါ်ဖီများ ဝင်ရောက်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့နယ်နှင့် မန္တလေးမြို့နယ်/ ကျေးရွာများတွင် ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ) များ လှိုင်လှိုင်ထွက်ရှိနေပြီး တော၊ တောင်၊ ယာမြေများတွင်သာမက မိမိတို့အိမ်ခြံမြေအတွင်း မြေလွတ်များတွင် အများအပြားစိုက်ပျိုးကြပါသည်။ ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ) ကိုစိုက်ပျိုးခြင်းဖြင့် အိမ်တွင်းမိသားစုစားဝတ်နေရေးပြေလည်နေကြောင်း၊ အဓိကအားဖြင့် ပန်းမုန်လာပွင့် (ပန်းဂေါ်ဖီ)ကို ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းနှင့် စိုက်ခင်းပြတ်ဈေးဖြင့် လည်း ကုန်သည်ပွဲစားများမှအခင်းထဲသို့ လာရောက်ဝယ်ယူကြကြောင်းနှင့် မန္တလေးပွဲရုံများမှ ဈေးများသို့ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (အသေး) ၈၀၀ကျပ်မှ (အကြီး)၁၅၀၀ကျပ် အထိရှိကြောင်း နှင့် ဈေးနှုန်းများမှာလည်း အတက်အကျရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)