မကွေးမြို့၏ စက်သုံးဆီစျေးနှုန်း ၂၀၂၂ ခု မေလ စတုတ္ထပတ်နှင့် ဇွန်လ ပထမပတ် နှိုင်းယှဉ်ခြင်း

Powered by Drupal

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက္ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်း စိစစ်ကြီးကြပ်လျှက်ရှိပါသည်။

            မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၂ခုနှစ် ၊ မေလ စတုတ္ထပတ်အတွင်း ဒီဇယ်(ရိုးရိုး) (၁)လီတာ (၂၃၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁) လီတာ (၂၄၀ဝိ/-)ကျပ်၊ ဓါတ်ဆီ(92)(၁)လီတာ(၂၂၇ဝိ/-)ကျပ်နှင့် ဓါတ်ဆီ(95) (၁)လီတာ (၂၃၈၅)ကျပ် အသီးသီးရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း  ဒီဇယ်(ရိုးရိုး)  (၁)လီတာ (၂၄၅၅)ကျပ်၊  ဒီဇယ်(ပရီမီယမ်)    (၁)လီတာ (၂၄၈၅)ကျပ်၊ ဓါတ်ဆီ(92)(၁)လီတာ( ၂၂၀၅) ကျပ်နှင့် ဓါတ်ဆီ (95)(၁) လီတာ (၂၂၅၅)ကျပ်တို့ဖြစ်သဖြင့် ယခင်မေလ စတုတ္ထပတ်နှင့် ယခုဇွန်လ ပထမပတ်တို့ နှိုင်းယှဉ် ကြည့်ပါက ဒီဇယ်(ရိုးရိုး)(၁) လီတာလျှင် (၈ဝိ/-)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) (၁)လီတာ လျှင်(၈၅) ကျပ်တို့   စျေးနှုန်းမြှင့်တက်ခဲ့ပြီး ဓါတ်ဆီ(92)(၁)လီတာလျှင် (၆၅)ကျပ်နှင့် ဓါတ်ဆီ (95)(၁)လီတာ (၁၃ဝိ/-)ကျပ်တို့ စျေးနှုန်းသက်သာလာကြောင်း တွေ့ရှိရပါသည်။

DOCA(မကွေး)