ကသာ ကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

               ကသာခရိုင်တွင် ကြက်သွန်နီ ဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ အဝင်များပြီး ခင်ဦး၊ ရေဦးဘက်မှလည်း အဝင်ရှိကြောင်း သိရှိရပါသည်။ တစ်ပတ်လျှင် ကြက်သွန်နီဝင်ရောက်မှုမှာ မန္တလေး- မုံရွာဘက်မှ တစ်အိတ်လျှင် ၃၅ပိဿာပါ အိတ်ရေ(၂၀၀)ခန့်နှင့် ခင်ဦး-ရေဦးဘက်မှ တစ်အိတ်လျှင် ၅၀ပိဿာပါ အိတ်ရေ(၁၅၀)ခန့် ဝင်ရောက်ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရသည်။

              ယခုအပတ်အတွင်း လက်လီဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် အသေး၊ အလတ်၊ အကြီး ပေါ်မူတည်၍  (၁၀၀၀/- ၊ ၁၂၀၀/-၊ ၁၄၀၀/-)ကျပ်ခန့်ထိရှိပြီး လက်ကားဈေးနှုန်းအနေဖြင့်       ( ၉၀၀/-၊ ၁၀၀/-၊ ၁၁၀၀/-) ကျပ်နှုန်းခန့် ရောင်းချလျက်ရှိကာ ယခင်အပတ်များနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အတက်/ အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)