ဇွန်လပထမပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

Powered by Drupal

           လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ ဇွန်လပထမပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၆၅၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၆၈၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၃၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၄၁၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလပထမပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၄၇၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၁၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅) ကျပ်သာရှိခဲ့ပြီး ယခုဇွန်လပထမပတ် နှင့် ယခင် မေလပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၈၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၁၇၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၀) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာကို(၁၅၀)ကျပ် ကွာဟလျက်ရှိပြီး ဈေးနှုန်းမြှင့်တက်လျှက် ရှိပါကြောင်းတွေ့ရပြီး ယခင် မေလပထမပတ်ထက် ဈေးနှုန်းမြှင့်တက်နေခြင်းမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိခြင်း၊ မူရင်းဈေးနှုန်းမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။

DOCA(ကယား)