ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေ

Powered by Drupal

              ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း- မိုင်းလား နယ်စပ်ဒေသများ၏ မေလအတွင်းတွင် ရာဘာ၊ ကွမ်းသီး၊ ပဲသီးအမျိုးမျိုး၊ အစိမ်းရောင်ပဲသီးစေ့များ၊ နှမ်းမည်း၊ ငရုတ်သီးခြောက်၊ မြက်တု၊ ကလေးကစားစရာအရုပ်များ၊ ကလေးဦးထုပ်များ၊ ကော်တောင့်၊ စတီးဇွန်း၊ ခရင်း၊ ရောင်စုံကြယ်သီးများ၊ နှိပ်ကြယ်သီး၊ ချင်းခြောက်နှင့် နနွင်းတက်တို့ကို တင်ပို့ခဲ့ပြီး သံကြိုးခွေ၊ လက်ဆွဲအိတ်၊ ပုခုံးလွယ်အိတ်၊ ပါးလွှာသော အခင်းများ၊ အိမ်တွင်းစီးဖိနပ်များ၊ ခြေအိတ်များ၊ ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော ထည့်စရာဗူးများ၊ သေတ္တာ၊ လူသုံးကုန်ပစ္စည်းများ၊ လူကြီးဝတ်အင်္ကျီဝမ်းဆက်၊ ချည်သားပါးပါး(အနွေးထည်)၊ ရေမြှုပ်ညှပ်ဖိနပ်၊ ကလေးဝတ်အားကစားဝတ်စုံ၊ ဖိနပ်၊ အမျိုးသမီးဝတ်အင်္ကျီနှင့် ကလေးဝတ်အင်္ကျီများကို တင်သွင်းနိုင်ခဲ့ပါတယ်။ ဒေသတွင်း အခြေခံစားသောက်ကုန်များအနေဖြင့် ဆန်/ စပါး ဈေးနှုန်းမှာ ဆန်စပါးအဟောင်း (၄၀)ကီလို တစ်အိတ်လျှင် ဈေးနှုန်း (၁၃၀၀၀)ကျပ်၊ စပါးအသစ် (၄၀)ကီလို တစ်အိတ်လျှင် (၁၂၀၀၀)ကျပ်၊ ဒေသဆန်အသစ် (၅၀)ကီလို တစ်အိတ်လျှင် (၃၅၀၀၀)ကျပ်ရှိကြောင်း သတင်းရရှိပါတယ်။ တာချီလိတ်မြို့၊ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ မေလအတွင်း အများဆုံး တင်ပို့သော ကုန်ပစ္စည်းမှာ ပြောင်း၊ ပုလင်းခွံ၊ ဗူးခွံ၊ အသုံးပြုပြီးသော ပလပ်စတစ်ဗူးခွံ၊ အသုံးမပြုတော့သည့် စက္ကူ၊ ရွှေဖရုံသီး၊ အစိမ်းရောင်ပဲသီးစေ့များ၊ ကော်ဖီစေ့၊ လက်ဖက်ခြောက်၊ ချင်းခြောက်၊ ရာဘာ၊ ငှက်ပျော၊ ကွမ်းသီး၊ ဆန်နှင့် မဲဇလီစေ့တို့ဖြစ်ပြီး ဘိလပ်မြေ၊ ဆပ်ပြာမှုန့်၊ ဒီဇယ်၊ ဓါတ်ဆီ၊ ကြွေပြား၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ကော်၊ လက်တွန်းလှည်း၊ လယ်ထွန်စက်၊ စက်ပစ္စည်းများ၊ ကြိတ်သားပြား၊ သံချောင်း၊ သွပ်၊ ကလေးဒိုင်ဘာ၊ ကာဗွန်၊ ကွန်ကရစ်အမိုးပြား၊ ဆိုဒီ ယမ်ဆိုင်ယာနိုက်၊ ကွန်ကရစ်တိုင်နှင့် ဘောလုံးတို့ဖြစ်ပါကြောင်း၊  ကုန်သွယ်မှုပမာဏအနေဖြင့် ဧပြီလအတွင်း ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားနယ်စပ်လမ်းကြောင်း၏ ကုန်သွယ်မှုပမာဏမှာ (၁.၉၈၉) ဒေါ်လာသန်းဖြစ်ပြီး မေလကုန်သွယ်မှုပမာဏမှာ (၁.၀၁၈)ဒေါ်လာသန်းဖြစ်သောကြောင့် မေလကုန်သွယ်မှု ပမာဏမှာ ဧပြီလထက် (၁.၃၉၈) ဒေါ်လာသန်း လျော့သွားကြောင်းနှင့် တာချီလိတ်မြို့၊ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ ဧပြီလအတွင်းတွင် (၄.၃)ဒေါ်လာသန်းဖြစ်ပြီး မေလအတွင်း ကုန်သွယ်မှုပမာဏမှာ (၅.၀၄၄)ဒေါ်လာသန်းဖြစ်သောကြောင့် မေလကုန်သွယ်မှုပမာဏမှာ ဧပြီလထက် (၀.၇၄၄)ဒေါ်လာသန်း တိုးလာကြောင်း သိရပါတယ်။ မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေး လမ်းကြောင်းမှ မေလအတွင်း အဓိကတင်ပို့သော ပို့ကုန်နှင့် သွင်းကုန်ပစ္စည်းများ မရှိပါကြောင်း နယ်စပ်သတင်းများအရ သိရှိရပါတယ်။

DOCA(ရှမ်း)