ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူသည် “ * * * ” .com.mm website ပေါ်မှတစ်ဆင့် ရောင်းချသော “ * * * ” ဆိုင်မှ CK Outlet အိတ်ဝယ်ယူခဲ့ရာ အိတ်၏ ဘေးဘက်တွင် အစက်အပြောက်ရှိနေခြင်း၊ ချုပ်ရိုးတွန့်နေခြင်းနှင့် ဖိရာများပါရှိနေခြင်းကြောင့် အိတ်အား ပြန်လည်လဲယူရာတွင် အိတ်ဆိုင်မှလက်မခံဘဲ ငြင်းဆိုနေသည့်အတွက် တိုင်ကြားလာမှု အပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက “ * * * ” .com.mm သို့ ဆက်သွယ် ဆောင်ရွက်ခဲ့ရာ “ * * * ” .com.mm မှ တာဝန်ရှိသူများက ၂၀-၅-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူ ထံ ဖုန်းဖြင့်ဆက်သွယ်၍ အဆင်မပြေမှုများအတွက် ရှင်းလင်းတောင်းပန်ခြင်းနှင့် CK Outlet အိတ်ရောင်းချခဲ့သည့် “ * * * ” ဆိုင်မှလည်း အိတ်တန်ဖိုးအတိုင်း Refund ငွေပြန်လည် ပေးအပ်ခဲ့သည့်အတွက် တိုင်ကြားသူမှ ကျေနပ်လက်ခံခဲ့ပါကြောင်း ၂၃-၅-၂၀၂၂ ရက်နေ့တွင် အကြောင်းပြန်ကြားလာသောကြောင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကျေနပ်မှုရှိ၍ တိုင်ကြားမှုအား ပိတ်သိမ်းလိုကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
E-commerce ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားမှု အခြေအနေ
Powered by Drupal