ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နေ တိုင်ကြားသူသည် “ * * * ” အီလက်ထရွန်းနစ် အရောင်းဆိုင်မှ ၈-၃-၂၀၂၂ ရက်နေ့တွင် 1000W ရှိသည့် Inverter အား (၂)သိန်းကျပ်ဖြင့် ဝယ်ယူခဲ့ပြီးနောက် ၁၀-၃-၂၀၂၂ ရက်နေ့တွင် ပျက်စီးသွားပါသဖြင့် ဆိုင်သို့ပြန်လည် ပြသရာ တွင် တာဝန်ယူပေးမှုမရှိသည့်အတွက် အရေးယူပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email ဖြင့် တိုင်ကြားလာမှုအပေါ် ၄-၅-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ တို့အား တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ခေါ်ယူ၍ စေ့စပ်ညှိနှိုင်းမှုဆောင်ရွက်ရာတွင် “ * * * ” အီလက်ထရွန်းနစ်မှ တာဝန်ရှိသူက ယခုဖြစ်စဉ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် တိုင်ကြားသူစိတ်တိုင်းကျ ဆောင်ရွက်ပေးသွားပါမည်ဟု ဆွေးနွေးတင်ပြ သောကြောင့် တိုင်ကြားသူမှ Inverter စက်ဖိုးငွေ (၂)သိန်းကျပ်အား ပြန်လည်တောင်းခံသည့် အတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ သက်ဆိုင်ရာအရာရှိများ ရှေ့မှောက်တွင် စက်ဖိုးငွေ (၂) သိန်းကျပ်အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားမှု အခြေအနေ
Powered by Drupal