ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးကြီးအတွင်း ကြက်သွန်နီများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

             ပခုက္ကူမြို့ဈေးကြီးအတွင်း စားသုံးသူများ နေ့စဉ်စားသောက်အသုံးပြုလျက်ရှိသော ကြက်သွန်နီများ ယခု(၁)ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(ဥ)အလုံး အကြီး၊ အလတ်၊ အသေး ပေါ်မူတည်၍ လက်လီ(၁)ပိဿာလျှင် အလုံးကြီး (၁၆၀၀)ကျပ်၊ အလတ်(ကြီး)(၁၅၀၀)ကျပ်၊ အလတ်(သေး) (၁၄၀၀/၁၃၀၀)ကျပ်၊ အသေးစ (၁၁၀၀/ ၁၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခင်(၁)ပတ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်လျှင် ယခု(၁)ပတ်အတွင်း နေ့စဉ် ဈေးနှုန်းများတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ အမြင့်ဆုံးဈေးနှုန်း မှာ အလုံးကြီး(၁၂၀၀)ကျပ်၊ အလတ်(၁၀၀၀/ ၉၀၀)ကျပ်၊ အသေးစ(၇၀၀/ ၆၀၀/ ၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်(၁)ပတ်ထက် (၁)ပိဿာလျှင် ကြက်သွန်နီအရွယ်အစားလိုက်၍ (၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နေ့စဉ်ဈေးနှုန်းမြင့်တက်နေကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေး ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)