ဂျင်း၊ လ္ဘက်နှင့် အကြော်စုံ ရောင်းဝယ်ရေးဆိုင်အား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကံ့ကော်ဝါ ဂျင်း၊ လ္ဘက်နှင့် အကြော်စုံရောင်းဝယ်ရေးဆိုင်အား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဂျင်း၊ လ္ဘက်များအား မူလအတိုင်းရောင်းချရန်၊ ခွင့်မပြု ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ ထည့်သွင်းရောနှောရောင်းချခြင်းမပြုရန်၊ ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ စားသုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)