ဘိလပ်မြေဈေးနှုန်းများ ဆက်လက်ကျဆင်းလျှက်ရှိ

Powered by Drupal

          ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ပိုမိုဝင်ရောက်လာပြီး ယခု ဇွန်လဆန်းပိုင်းအတွင်း ဘိလပ်မြေအိတ်(၄၅၆၀) အိတ်ဝင်ရောက်ပြီး ဇွန်ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ် လျှင် (၇၄၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၇၄၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၃၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး  ယခင် မေလဒုတိယပတ်တွင် ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၇၅၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၇၈၀၀) ကျပ်၊နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၈၀၀၀) ကျပ် ရှိခဲ့ပြီး ယခင် မေလဒုတိယပတ်နှင့် ယခု ဇွန်လဒုတိယပတ် နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ တစ်အိတ်လျှင် (၁၀၀) ကျပ်၊ အာပါချီ တစ်အိတ်လျှင် (၄၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၀၀) ကျပ်ခန့် ဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ယခင်လများ ထက်ဘိလပ်မြေ ဝင်ရောက်မှုများလာပြီး  ဝယ်လိုအားမှာလည်း အသင့်အတင့် သာရှိကြောင်း၊ ဘိလပ်မြေဈေးမှာ ဆက်လက်ကျဆင်းမည့် အလားအလာရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)