အင်းစိန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ ရောနှောရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ ဆန်ဆိုင်များတွင် ဆန်ရောနှော ရောင်းချခြင်းများ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အင်းစိန်မြို့နယ်၊ ရွှေကမ္ဘာ(၁)နှင့် စန်းရတနာဆန် အရောင်းဆိုင်များတွင် ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ဆန်အမျိုးအစားများ ရောနှောရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ ဝယ်ယူရောင်း ချလျက်ရှိပြီး ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆန်အရောအနှောများပြုလုပ်၍ ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)