စားအုန်းဆီလက်ကားဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦး စီးမှူးပါ(၃)ဦး တို့သည် ရွှေပြည်သာမြို့နယ်ရှိ  စားအုန်းဆီ လက်ကားကိုယ်စားလှယ်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Than Thar Co.,Ltd မှ ခွဲတမ်းရရှိသော လက်ကား ကိုယ်စားလှယ်များဖြစ်သော ဦးကြည်ဝင်း၊ ဦးသန့်ဇင်မိုး၊ ဦးညီညီထွေးနှင့် ဒေါ်စုစုမြတ်အောင် တို့မှ မိမိတို့ရရှိသော ခွဲတမ်းများကို လက်လီကိုယ်စားလှယ်များသို့ နေ့စဉ်ခွဲတမ်းများအတိုင်း ခွဲဝေပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ လက်ကားကိုယ်စားလှယ်မှ မိမိတို့ဆီမှ ရရှိသော ခွဲတမ်းများကို စားသုံးသူပြည်သူများသို့ အလှည့်ကျဖြန့်ဝေပေးပါကြောင်း၊ ဈေးနှုန်း လည်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ထားပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)