
၂၇.၂.၂၀၂၅ ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီလက်ကား ကိုယ်စားလှယ်များဖြစ်သော ဦးထွန်းဇော်သောင်း၊ ဒေါ်အေးရှိန်၊ ဦးမျိုးမင်းထွန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက အပတ်စဉ်စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်ပေးလျက်ရှိရာ လက်လီ/ လက်ကားကိုယ်စားလှယ်များအနေဖြင့် ဈေးကွက်အတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ကုမ္ပဏီများမှ ရရှိသောခွဲတမ်းများကိုလည်း လက်လီကိုယ်စားလှယ်များသို့ အမှန်တကယ်ဖြန့်ဖြူး ရောင်းချပေးခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ သိုလှောင်ထားခြင်းများရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း သတ်မှတ်ဈေးနှုန်း များဖြင့် ရောင်းချပေးခြင်း၊ ရရှိသောခွဲတမ်းများကိုလည်း လက်လီကိုယ်စားလှယ်များသို့ အမှန် တကယ်ဖြန့်ဖြူးပေးပါကြောင်း သိုလှောင် ထားခြင်းလည်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)