“ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီလက်လီ၊လက်ကားအရောင်းဆိုင်များ သို့ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့မှုအခြေအနေ

Powered by Drupal

ကော့မှူးမြို့နယ်၊ မတ်  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ စားအုန်းဆီလက်လီ၊ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားမှုနှင့်အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ လက်လီ၊ လက်ကား ပြန် လည်ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေအား မတ်လ(၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးအေးသွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်း၍ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များ စားအုန်းဆီလက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆီအရောင်းဆိုင်များဖြစ်သည့် အမှတ်(၃၀) စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင် ကုန်စုံဆိုင်၊ အမှတ်(၂၂) ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးသိန်းထွဋ် ကုန်စုံဆိုင်နှင့် အမှတ်(၁၉၅) ဗိုလ်ချုပ်လမ်း ပြည်တော်သာရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်တို့ရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီအမည် ခွဲတမ်းရရှိသည့် စားအုန်းဆီပေပါ၊ ပိဿာ၊ ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီပေပါ၊ ပိဿာနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချသည့် လက်လီ၊ လက်ကားဈေးနှုန်းတို့အား စာရင်း ကောက်ယူခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်အခြေခံလက်ကား ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းကြရန် နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်ကွင်းဆင်းစိစစ်ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)