ပြည်ဈေးကွက်တွင် အာလူးဈေးများ အနည်းငယ်ကျသလို ကြက်သွန်ဖြူ( ကြူကုတ်)ဈေးများလည်း ကျဆင်းလာ

Powered by Drupal

       ပဲခူးတိုင်း‌ဒေသကြီး ပြည်အာလူးပွဲရုံများသို့ ရှမ်းပြည်နယ်အောင်ပန်းမှ ၁အိတ် ပိဿာ (၃၀)ဝင်ဆံ့ အိတ် ၅၀/၁၀၀ အဝင်ရှိသလို မန္တလေးဘက်မှ တရုတ်အာလူများ တစ်နေ့လျှင် အိတ် ၂၀၀အတွင်း အဝင်ရှိနေသည့်အတွက် တစ်နေ့ကို အာလူးအိတ် ၃၀၀ဝန်းကျင်ခန့် အဝင်ရှိနေကြောင်း သိရပါသည်။ တစ်ပတ်လျှင် ၄ရက်ခန့်အဝင်ရှိပါသည်။ မိုးဦးကာလဖြစ်နေသည့်အတွက် အရောင်းအေးကာ ပြည်မြို့နယ်အတွင်းရှိ လက်လီဝယ်ယူသူများနှင့် လုပ်ငန်းရှင်များမှလည်း အဝယ်ပါးလျှက်ရှိကြောင်း သိရပါသည်။ ယခု တစ်ပတ်မှာ ယခင်ထက် အာလူးအဝင်များနေခြင်းကြောင့် ပွဲရုံလက်ကျန်များသည့်အတွက် အာလူးဈေး အနည်းငယ်လျော့နည်းနေပါသည်။ ယခင်တစ်ပတ်က ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၁၀၀ ဈေးရှိပြီး ယခုတစ်ပတ်မှာ ကျပ် ၁၈၀၀-၂၀၀၀၊ လက်လီဈေး ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၈၀၀ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကျပ် ၂၄၀၀ဈေးရှိပါသည်။

           ကြက်သွန်ဖြူဈေးကွက်မှာ ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးလျှက်ရှိပါသည်။ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ လက်လီ/လက်ကားဝယ်ယူသူများသာရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်း ဘက်မှရှမ်းစများနှင့် မန္တလေးဘက်မှ ကြူကုတ်များတစ်နေ့လျှင် (၁၅.၁၆) ပိဿာဝင်ဆံ့ အိတ် ၄၀/၁၀၀အတွင်းအဝင်ရှိပါသည်။ ကြူကုတ်မှာ ပွဲရုံဈေး ယခင်က ၁ပိဿာ ၃၅၀၀-၃၈၀၀ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာ ၃၅၀၀ကျပ်ဈေးတစ်မျိုးသာရှိ၍ လက်လီဈေးမှာ ပွဲရုံဈေး ယခင်က ၁ပိဿာ ၅၀၀၀-၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာ ၃၈၀၀-၄၀၀၀ ကျပ် ဈေးရှိပါသည်။ ရှမ်းစမှာ ပွဲရုံဈေး ၁ပိဿာလျှင် ယခင်တစ်ပတ်က ၂၂၀၀ မှ ၃၅၀၀ကျပ်အတွင်း အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများရှိခဲ့ပြီး ယခုတစ်ပတ်တွင် ၂၅၀၀မှ ၃၂၀၀ကျပ် အတွင်း ဈေးရှိပြီး လက်လီဈေးမှာ ယခင်တစ်ပတ်က ၃၅၀၀-၄၀၀၀ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ရှမ်းစ လက်လီဈေးမှာ အပြောင်းအလဲမရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)