မြင်းခြံမြို့တွင် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများအား စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူ တစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၂၇. ၂. ၂၀၂၅) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးရှိ ဦးစိုးမိုးထွန်း(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာအကွယ်ပေးရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ပြုလုပ်ခဲ့ပါသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ဦးစိုးမိုးထွန်း(ဦးစီးမှူး)က စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရာ တွင် ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင် ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုတာ ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာ ဖြင့် မဖြစ်မနေထည့်သွင်းဖော်ပြရမည့်အချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)