
စားသုံးသူသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးမှ စစ်ဆေးရေးအရှိများသည် ၂၀၂၅ ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ CP ကြက်ကင်၊ ကြက်ကြော်ဆိုင်များသို့ သွားရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများပေါ်တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိစစ်ဆေးခဲ့ရာ အချို့ ကြက်အူချောင်း၊ ဝက်အူချောင်းများ ထုတ်ပိုးသည့် ကုန်ပစ္စည်းများမှာပြည့်စုံစွာပါရှိသော်လည်း အချို့မှာပြည့်စုံစွာပါရှိခြင်းမရှိသည့်အတွက် ဆိုင်ရှင်အား အမှတ်တံဆိပ်များပေါ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေးအတွက် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)