မုဒုံမြို့၌ နွေစပါး ဧက ၁၀၀၀ ကျော် စိုက်ပျိုးပြီးစီ

Powered by Drupal

မွန်ပြည်နယ်၊  မုဒုံမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေစပါး ၁၅၇၁ ဧကစိုက်ပျိုးရန်လျာထားပြီး ယခုအခါ ၁၀၄၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဘဲရမ်းကျေးရွာတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကွက် ဧက ၃၀၀ ကို တောင်သူပညာပေး စိုက်ကွက်များ ဆောင်ရွက်ထား သကဲ့သို့ ဗဟိုမျိုးသန့်ခြံမှ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို တစ် ဧက ၁၀၀ တင်း ၁၂၀ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်၊ မျိုးများအား စနစ်တကျ ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီး ခြောက်တန်းတစ်တန်း ချက်ချင်းနုတ် ချက်ချင်းစိုက် စနစ်များဖြင့် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်းပြီး စိုက်ခင်းများ အောင်မြင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးသန့်စံပြကွက်တွင် မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကင်း ထောက်စနစ် ကြိုတင်ကာကွယ်ရေးနည်းစနစ်များနှင့် တောင်သူပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဓာတ်မြေသြဇာများကို သက်သာသောစျေးနှူန်း

ဖြင့် ဖြန့်ဖြူးပေးလျက်ရှိပြီး နွေစပါးလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)